margeleT

CHANNEL H (Bollywood movies) @khkbollywoodchannel1

2019 ခုနှစ်မှာ အောင်မြင်မှု တော်တော် ရခဲ့ပြီး 2017 ကတည်းက ပျောက်နေတဲ့ လက်…

2019 ခုနှစ်မှာ အောင်မြင်မှု တော်တော် ရခဲ့ပြီး 2017 ကတည်းက ပျောက်နေတဲ့ လက်ပွားမင်းသားခေါ် Hrithik Roshan ရဲ့ ရုံတင်ဇာတ်ကားကြီး ဒီကားကတော့ အိန္ဒိယနိုင်ငံရဲ့ သင်္ချာဆရာ အာနန်းကူးမားနဲ့ သူ့တပည့်တွေရဲ့ ဘဝကို ပြန်လည်ပုံဖော်ထားတဲ့ ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိ ရုပ်ရှင်ပါ။ IMDb Rating - 8.5/10 Google Users - 96% Genere - Drama --------------------------------------------------- အညွှန်းမရေးခင် ကြိုပြောချင်ပါတယ်။ ‌အညွှန်းမဖတ်ဘဲ ကြည့်တာက ပိုပြီး သင့်တော်မယ်လို့ ထင်မိပါတယ်။ ‌တစ်ကွက်ချင်းစီက ဇာတ်လမ်းရဲ့ ဆွဲဆောင်မှု ဖြစ်နေတော့ ရှောင်နိုင်တာ အကောင်းဆုံးပါ။ Spoiler တော့မပါပါဘူးခင်ဗျ။ ‌ ‌ကဲ့ ပထမပိုင်းအတွက် အညွန်းလေး စပြီ။ ‌ ‌နွမ်းပါးပြီး စာကြိုးစားတဲ့ လူငယ်လေး အာနန်းကူးမားဟာ သင်္ချာဘာသာရပ်မှာ အရမ်းထူးချွန်ပါတယ်။ ‌သူကိုယ်တိုင် သင်္ချာကို ဝါသနာပါတာမို့ ‌နိုင်ငံခြား ဂျာနယ်တွေအထိ သူ့ဆောင်းပါးကို ဖော်ပြခံရတယ်။ ‌ ‌ဒီလို သူ့ရဲ့ အရည်အချင်းကြောင့် ‌သူ မျှော်လင့်ချက် အိပ်မက်တစ်ခု ဖြစ်တည်လာခဲ့ပါတယ်။ ‌ကမ့်ဘရစ်ခ်ျ (Cambridge) ၊အောက်စ်ဖို့ဒ်(Oxford) စတဲ့ တက္ကသိုလ်တွေက ‌သင်္ချာအထူးပြုနဲ့ PhD ရဖို့ပေါ့။ ‌ ‌လူဆင်းရဲတစ်ယောက်အတွက် အိပ်မက်တွေဟာ ရောင်စုံခြယ်ဖို့ ဈေးကြီးလွန်းလှပါတယ်။ ‌ ‌ဒီလိုနဲ့ မမျှော်လင့်ဘဲ ဒုက္ခမိုးတွေ သူ့ဆီရွာသွန်းခဲ့ရာမှာတော့.... ဒုတိယပိုင်း(နောက်ပိုင်း)အတွက် ထပ်ညွှန်းရရင်တော့... ကိုယ်ပိုင်ခံစားမှုလေး ထည့်ပါရစေ။ ပညာရေးကို စီးပွားရေးအဖြစ် အသုံးချလာကြတဲ့ လူအသိုင်းအဝိုင်း၊ ပညာရွှေအိုး လူမခိုး လို့ပဲ ဆိုရိုးရှိခဲ့တာပါ။ ရွှေအိုးရှိမှ ပညာရ ဆိုတဲ့ စကားပုံတော့ မတွင်ကျယ်ခဲ့ဘူး။ ပတ်ဝန်းကျင်မှာ ကျောင်းမနေနိုင်တဲ့ ကလေးတွေ မျးလာတယ်။ ကျောင်းနေရင် ကျူရှင်မယူရတဲ့ ကလေးတွေမှာ လကုန်တိုင်း ကျူရှင် ဆရာ မျက်နှာမဲ့မှာကို ကြောက်လာကြရတယ်။ ကျူရှင်စရိတ်(လခ)ပေးနိုင်ဖို့ အိမ်ကနေ အတင်းတောင်းရင်း ကျူရှင်ပျက်ရာက ကျောင်းထွက်သွားရတဲ့အထိ မြင်ဖူးခဲ့တယ်။ အဲ့ဒီလို ကလေးတွေ ရှိကြတယ်။ ဒါတွေကို မြို့နယ်မှာ အတော်ဆုံး လူဆင်းရဲဘဝက ရုန်းကန်ခဲ့ရတဲ့ ဆရာအာနန်းကူးမား နားလည်ခဲ့ရာမှာတော့..... Super 30 အိပ်မက်တစ်ခု ဖြစ်တည်လာခဲ့ပါတယ်။ -------------------------------------------- စာသင်ပြပုံတွေကို ရောထွေးပြီး ရိုးအီနေအောင်မထည့်ထားဘဲ အဓိက အထွတ်အထိပ်ရောက်မှ လိုအပ်သလို ဆွဲယူပြတာတွေက တော်တော်လေး အံ့မခန်းပါ။ နောက်ခံတီးလုံးတွေလည်း သစ်တယ်။ မျက်ရည်ကျလောက်တဲ့ ဘဝသရုပ်ဖော်တွေကို ပရိသတ်ကို ဆွဲခေါ်သွားနိုင်တာက လေးစားဖွယ်။ အခက်အခဲတွေ မျိုးစုံကို ရင်ဆိုင်နေရတဲ့ ဆရာတစ်ယောက်အတွက် တပည့်တွေက အတူဖြေရှင်းကြပုံတွေက အတုယူဖွယ်။ ဒီဇာတ်ကားဟာ ပညာရေး(Education) ကို အခြေခံထားပြီး ဘဝသရုပ်ဖော်တွေကို ရင်ဘတ်ထဲ ထည့်တော့မှာမို့ကိုယ်တိုင်သာ ခံစားကြည့်လိုက်ပါ. . . ချန်နယ်ကိုအရင် join ပါ🔽🔽🔽 https://t.me/+sOJ3IhtOlKI4NGJl ကြည့်ရန်⬇️⬇️⬇️ https://t.me/c/2694134534/1573

· India

Fresh margeleT snapshot · India · CHANNEL H (Bollywood movies) · animals · nature. This page keeps context and source links for search engines and AI assistants.

Related margeleT posts

CHANNEL H (Bollywood movies) @khkbollywoodchannel1

စိန့်မာတင်ကောလိပ်ရဲ့တံခါးဝကိုခြေချလိုက်တဲ့ကျောင်းသားသစ် ယူဗာရဲ့ ဘဝက မမျှေ…

စိန့်မာတင်ကောလိပ်ရဲ့တံခါးဝကိုခြေချလိုက်တဲ့ကျောင်းသားသစ် ယူဗာရဲ့ ဘဝက မမျှော်လင့်ထားတဲ့ကြောက်မက်ဖွယ်ရာ အိပ်မက်ဆိုးတစ်ခုအဖြစ် ပြောင်းလဲသွားတဲ့အခါ… ‌ကောလိပ်ကျောင်းသားဘဝဆိုတာကို ပျော်ပျော်ကြီးဖြတ်သန်းဖိုအားအင်အပြည့်နဲ့ ကောလိပ်ကျောင်းသားဘဝထဲ ခြေစုံပစ်ဝင်လာခဲ့ပြီးမှ…

· View post on margeleT

CHANNEL H (Bollywood movies) @khkbollywoodchannel1

⭐⭐⭐⭐🤓🤓🤓🏆🏆🏆🏆🏆🏆 🙂နိုင်ခြေအမြင့်ဆုံး ကျွဲဂိမ်း၊ရှမ်းကိုးမီး၊စလော့၊…

⭐⭐⭐⭐🤓🤓🤓🏆🏆🏆🏆🏆🏆 🙂နိုင်ခြေအမြင့်ဆုံး ကျွဲဂိမ်း၊ရှမ်းကိုးမီး၊စလော့၊ဘောလုံး၊ကာစီနို ဂိမ်းခန်းလေးတွေကိုပဲ ✅ပြသထားတာမို့ ခုပဲ🤩🤩🤩🤩🤩🤩🤩ကို လာကစားလိုက်တော့နော်🥰😊 မန်ဘာသစ် ငွေသွင်းမလို - 🔠🔠🔠🔠 🔴🔴🔴🔴 အာဖရိကန် ကျွဲ - 1️⃣5️⃣0️⃣🔤 နေ့စဉ် - 1️⃣0️⃣0️⃣0…

· View post on margeleT

Daily HINDI Motivational Thoughts™ VICHAR @hindi_motivational_quotes_vichar

🌼 ऐसे ही पोस्ट के लिए Join करना ना भूले 🌼 🌟🦚 @ShriKrishnaSuvichar 🦚�…

🌼 ऐसे ही पोस्ट के लिए Join करना ना भूले 🌼 🌟🦚 @ShriKrishnaSuvichar 🦚🌟 • ───────── ✾ ───────── • ✨ SHARE AND SUPPORT US ✨ 🦚 UNMUTE NOTIFICATIONS 🦚 • ───────── ✾ ───────── •

· View post on margeleT