margeleT

CHANNEL H (Bollywood movies) @khkbollywoodchannel1

မေတ္တာတရားဟာ စကြဝဠာရဲ့ ဘာသာတရားအဖြစ်ရပ်တည်နေပုံ ၊ ကရုဏာတရားဟာလည်းလူမျိုးမ…

မေတ္တာတရားဟာ စကြဝဠာရဲ့ ဘာသာတရားအဖြစ်ရပ်တည်နေပုံ ၊ ကရုဏာတရားဟာလည်းလူမျိုးမခွဲခြားပုံတို့ကို ဒီဇာတ်ကားလေးညွှန်းဆိုထားပုံက ရင်ထဲမှာတသသကျန်ရှိစေပါတယ်။ Rating ကလည်း 8.2 ရရှိထားပြီးအိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေဒုတိယဖြစ်ထားတာကြောင့် လက်မလွတ်သင့်လှတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။ဇာတ်လမ်းအကျဉ်းအိန္ဒိယနိုင်ငံဒေလီမြို့မှာတော့ပွဲတော်ကြီးကျင်းပချိန်ပေါ့။ ပဝန်(ဆလက်မန်ခန်း)ဟာလည်း ပါဝင်ဆင်နွှဲပြီးစားသောက်ဖွယ်ရာတွေကိုမြိန်မြိန်စားနေသည်။ ထိုအချိန်၌ပဝန်သတိထားမိသည်ကသူ့အားစိုက်ကြည့်နေသော၆နှစ်အရွယ်ကလေးမ။ ပဝန်ဟာကရုဏာသက်မိရင်းကလေးမလေးကိုအစားအစာတွေကျွေးမွေးခဲ့တယ်။ ပဝန်အိမ်ပြန်တော့လည်းကလေးမလေးဟာ နောက်ကတကောက်ကောက်လိုက်နေခဲ့သည်။ ဒီလိုနဲ့နာမည်လည်းမေးမရစကားလည်းမပြောတတ်သောကလေးအားထားမရစ်နိုင်သည့်အဆုံးပဝန်ဟာသူ့ယောက္ခမဆီခေါ်လာခဲ့တော့သည်။ ပဝန်ဟာကလေးမလေးရဲ့နေရပ်လည်းမသိသူ့မိဘလည်းမသိပေမဲ့စိတ်ထားဖြူစင်မှုအရင်းခံနဲ့ကလေးမလေးကိုသူ့မိဘဆီပြန်ပို့နိုင်ရန်ဆုံးဖြတ်ထားခဲ့သည်။ ကလေးမလေးကိုတော့မူနီလို့အမည်မှည့်ပေးခဲ့သည်။ တစ်နေ့မှာတော့ဖန်သားပြင်ထက်ကခရစ်ကတ်ကစားပွဲမှာအိန္ဒိယနဲ့ပါကစ္စတန်တို့အပြိုင်အဆိုင်ကစားနေခဲ့ကြသည်အိန္ဒိယအမှတ်သာလျှင်မူနီလေးမှာမပျော်၍ပါကစ္စတန်နိုင်လျှင်ဝမ်းသာလျက်ရှိနေသည်။ ထိုအချိန်အခါ၌အိန္ဒိယနဲ့ပါကစ္စတန်တို့သည် စစ်ရေးအရတစ်ဖက်နဲ့တစ်ဖက်မတည့်ကြချေ။ ပဝန်တို့မိသားစုတို့ကလည်းဘာသာရေးအရ ဘုန်းကြီးမျိုးနွယ်ဝင်ဖြစ်၍မူနီအားလက်မခံသင့်ကြောင်း၊ပါကစ္စတန်နိုင်ငံသို့ပြန်ပို့သင့်ကြောင်းပဝန်ကိုတိုက်တွန်းခဲ့ကြသည်။ ပဝန်ဟာပါကစ္စတန်သံရုံးထံသွားရောက်ပို့ခဲ့သော်လည်းထိုအချိန်၌သံရုံးအားအိန္ဒိယနိုင်ငံသားတို့ဆန္ဒပြစဉ်နဲ့ကြုံတွေ့ခဲ့ရသည်။ ထိုစဉ်သံရုံးရဲ့စာရင်းသမားလေးနဲ့တွေ့ခဲ့ပြီး မှောင်ခိုလမ်းမှပြန်ပို့ရန်ပဝန်အားအကြံပြုခဲ့သည်။ ပဝန်ဟာလည်းယုံစားမိပြီးမူနီအားချန်ထားခဲ့လေသည်။ လမ်းတစ်ဝက်မှာတော့ကစားစရာဝယ်ရင်း မူနီအားပေးရန်ပြန်အလှည့်မှာတော့မူနီလေးရောင်းစားခံရမှန်းသိခဲ့ရသည်။ အဲ့ဒီနောက်မှာတော့ပဝန်ဟာပါကစ္စတန်သွားရောက်ပြီးမူနီ့မိဘတွေကိုရှာဖွေခန်းဖွင့်ပြီးပြန်လည်ဆုံတွေ့နိုင်စေဖို့ဆုံးဖြတ်လိုက်တော့သည်။ တကယ်တမ်းတော့ဇာတ်ကားလေးဟာအညွှန်းနဲ့အဓိပ္ပါယ်ဖော်နိုင်စွမ်းမရှိလှတဲ့မေတ္တာဖွဲ့ဇာတ်အိမ်လေးပါ။ ပဝန်တစ်ယောက်ပါကစ္စတန်နိုင်ငံတွင်းဝင်ရောက်ခဲ့ပုံ၊မိဘရှာတော်ပုံတွေနဲ့အတူမူနီလေးတစ်ယောက်သူ့မိဘနဲ့ပြန်လည်ဆုံစည်းနိုင်မလားဆိုတာကလည်းရင်ခုန်စိတ်လှုပ်ရှားစေခဲ့ပါတယ်။ ပဝန်ရဲ့ဘဝနဲ့အချစ်ရေးသာမကစိတ်ထားမြင်မြတ်မှုတွေကလည်းအတုယူစရာကောင်းလှပါတယ်။ ဒီဇာတ်ကားလေးမှာတော့ ပဝန်တစ်ယောက်ရဲ့ကရုဏာကြီးမားမှုတွေ၊ပါကစ္စတန်နိုင်ငံသို့ဝင်ရောက်ဖြတ်သန်းမှုတွေ၊သွေးသားမတော်စပ်သူတစ်ဦးအတွက်ဒုက္ခပေါင်းများစွာဖြတ်သန်းခဲ့ပုံတွေကတော့မျက်ရည်မခိုင်သူအဖို့ပင်လယ်ထွန်းမယ့် ဇာတ်ကားမျိုးပါ။ ဒါ့ပြင်အမြင်မတူအသွင်မတူဘာသာမတူ နိုင်ငံသားချင်းမတူကြပေမဲ့မေတ္တာတရားဟာ ကမ္ဘာ့လူသားတရားတော်ဆိုတာကိုဒီဇာတ်ကားလေးကညွှန်းဆိုနေဦးမှာပါ။ ချန်နယ်ကိုအရင် join ပါ🔽🔽🔽 https://t.me/+sOJ3IhtOlKI4NGJl ကြည့်ရန်⬇️⬇️⬇️ https://t.me/c/2694134534/1577

· India

Fresh margeleT snapshot · India · CHANNEL H (Bollywood movies) · culture / all · culture · cinema. This page keeps context and source links for search engines and AI assistants.

Related margeleT posts

CHANNEL H (Bollywood movies) @khkbollywoodchannel1

ကေဂျီအမ်လို့ ရုပ်ရှင်မျိုးမှာတောင် ဗီလိန်နေရာက ပါဝင်ဖူးသူ မင်းသား ဗာဆီရှ်…

ကေဂျီအမ်လို့ ရုပ်ရှင်မျိုးမှာတောင် ဗီလိန်နေရာက ပါဝင်ဖူးသူ မင်းသား ဗာဆီရှ်သာ ကန်နာဒါရုပ်ရှင်လောကမှာ အတော်အသင့် နာမည်ကြီးတဲ့သူ ပြောလို့ရပါတယ် သူ့ချစ်သူကို ထိလို့ဆိုပြီး ထိတဲ့လက်ကို ခု-ဖြ-တ်တဲ့ ထိကြမ်းတဲ့၊ကြမ်းပေ့ဆိုတဲ့ လူမိုက်တွေကတောင် ဖိန့်ဖိန့်တုန်အောင်ကြောက်…

· View post on margeleT

CHANNEL H (Bollywood movies) @khkbollywoodchannel1

⭐⭐⭐⭐🤓🤓🤓🏆🏆🏆🏆🏆🏆 🙂နိုင်ခြေအမြင့်ဆုံး ကျွဲဂိမ်း၊ရှမ်းကိုးမီး၊စလော့၊…

⭐⭐⭐⭐🤓🤓🤓🏆🏆🏆🏆🏆🏆 🙂နိုင်ခြေအမြင့်ဆုံး ကျွဲဂိမ်း၊ရှမ်းကိုးမီး၊စလော့၊ဘောလုံး၊ကာစီနို ဂိမ်းခန်းလေးတွေကိုပဲ ✅ပြသထားတာမို့ ခုပဲ🤩🤩🤩🤩🤩🤩🤩ကို လာကစားလိုက်တော့နော်🥰😊 မန်ဘာသစ် ငွေသွင်းမလို - 🔠🔠🔠🔠 🔴🔴🔴🔴 အာဖရိကန် ကျွဲ - 1️⃣5️⃣0️⃣🔤 နေ့စဉ် - 1️⃣0️⃣0️⃣0…

· View post on margeleT

Msone Official @msone

#Msone Release - 3689 (Movie) Cleopatra (1963) ക്ലിയോപാട്ര (1963) പരിഭാഷ:…

#Msone Release - 3689 (Movie) Cleopatra (1963) ക്ലിയോപാട്ര (1963) പരിഭാഷ: പ്രശോഭ് പി.സി പോസ്റ്റർ: അഷ്കർ ഹൈദർ ഭാഷ: ഇംഗ്ലീഷ് സംവിധാനം: Joseph L. Mankiewicz, Rouben Mamoulian ജോണർ: ബയോപിക്ക്, ഡ്രാമ, ഹിസ്റ്ററി IMDb : 7.0 (PG-13) എലിസബത്ത് ടെയ്ലർ ക്ലിയോപാട്രയായി ന…

· View post on margeleT

Msone Official @msone

#Msone Release - 3688 (Movie) Angel's Egg (1985) എയ്ഞ്ചൽസ് എഗ്ഗ് (1985) പ…

#Msone Release - 3688 (Movie) Angel's Egg (1985) എയ്ഞ്ചൽസ് എഗ്ഗ് (1985) പരിഭാഷ: ഡോ. ആശ കൃഷ്ണകുമാർ പോസ്റ്റർ: അഷ്കർ ഹൈദർ ഭാഷ: ജാപ്പനീസ് സംവിധാനം: Mamoru Oshii ജോണർ: അനിമേഷൻ, ഹൊറർ, മിസ്റ്ററി, സയൻസ് ഫിക്ഷൻ IMDb : 7.7 (PG-13) “ഗോസ്റ്റ് ഇൻ ദ ഷെൽ” സംവിധാനം ചെയ്ത മാമ…

· View post on margeleT